Turntables Myanmar ၏ စည်းချက်နှင့်အတူ

by Kyalyi February 25, 2015

တစ်ခုလပ်မိခင်တွေဟာ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ဘာကြောင့် အမြဲလိုရင်ဆိုင်နေရတာပါလဲ။

မြန်မာ အနုပညာရှင်တွေက လွတ်လပ်ခွင့် ကို ဘာကြောင့် တောင်းဆိုနေကြသေးတာလဲ။ မဖွံဖြိုးမတိုးတက်သေးတဲ့ဒေသတွေက သန်းနဲ့ချီသော အမျိုးသမီးများကရော ဘာကြောင့် ခုထိ ရုန်းကန်နေကြရတာလဲ။ ဒီမေးခွန်းတွေကို ဖြေဆိုနိုင်ဖို့ TURNSTABLES MYANMAR လူငယ်တွေရဲ့အမြင်အတွေးတွေကို ရုပ်ရှင်၊ ဂီတတို့ နဲ့ ယူဆောင်လာခဲ့ရာ ရိုးစင်းပြီး ထိရောက်တဲ့ အနုပညာများပြကွက်များ ထွက်ပေါ်လာခဲ့ပါတယ်။ .

ရိုးရှင်းတဲ့တစ်ခုလပ်မိခင်တစ်ယောက်ရဲ့ပုံရိပ် - My Mother is a Single ( 9 mins )

မိခင်ကောင်းတဟ်ယောက်ဖြစ်ဖို့ ရုန်းကန်လှုပ်ရှားရတဲ့တစ်ခုလပ်အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀ကို ခြယ်မှုန်းထားတဲ့ ဒီ DOCUMENTARY ဟာကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။ အမျိုးသားများနဲ့တန်းတူအခွင့်အရေးရနိုင်ဖို့ခဲယဉ်းတဲ့ တစ်ခုလပ်မိခင်တစ်ယောက်ဖြတ်သန်းခဲ့ရတဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှတွေကို လျှက်တပြက်မျှဝေခံစားရပါတယ်။ ဒီဇာတ်ကားဟာ အမျိုးသမီးတွေရဲ့ ဘ၀ကို ရုပ်ရှင်၊ဂီတ NEW MEDIA သုံးပြီး ပရိသတ်ကို အသိပညာပေး၇န် ရည်ရွယ်ပြီး ရိုက်ကူးခဲ့ခြင်းပါ။

''သူက ကျွန်မအပေါ် သိပ်ရက်စက်ပြီး ဆိုးတယ်။ သူကျွန်မကို မချစ်ပေမယ့် ကျွန်မ သူ့ကို ချစ်တယ် လို မျက်ရည်တွေတွေကျရင်း လှုပ်လှုပ်ခတ်ခတ်ပြောလိုက်တဲ့ တစ်ခုလပ်အမျိုးသမီးကြီးရဲ့ ရင်ဖွင့်သံဟာ ကြည့်ရှုသူကို မျှဝေခံစားစေပါတယ်။

မြန်မာပြည်ပြုပြင်ပြောင်းလဲရေးအတွက် တီးလိုက်တဲ့ စည်းချက် - Freedom ( 5 mins )

“Let us ride the waves of freedom together!” လို့ ကြွေးကြော်လိုက်တဲ့ Freedom အမည်ရ ပြုပြင်ပြောင်းလဲရေးHIP HOP တေးကို သီကြွေးကြသူများကတော့ မောင်လင်းနစ်၊ ဇလပ်ဖြူနဲ့ နေမျိုးထွန်းတို့ပါ။ Turning Tables Myanmar Studio မှာ ၂၀၁၃ စက်တင်ဘာလက အသံသွင်းခဲ့တာပါ။ အဆိုရှင်တစ်ဦးအဖြစ်ပါဝင်တဲ့ ဇလပ်ဖြူက ဧရာဝတီမီဒီယာကို ဒီလိုပြောခဲ့ပါတယ်။ '' အခုလက်ရှိအခြေအနေက ၈၀ ရာခိုင်နှုန်းပွင့်လန်းလာပြီပေါ့။ဒါပေမယ့် ၂၀ ရာခိုင်နှုန်းကတော့ ကျန်နေတုန်းပဲ။ကျွန်မတို့ သီချင်းဆိုလို့ရတယ်၊ဒါပေမယ့် အော်လို့မရဘူးလေ၊''

 

မဖွံဖြိုးသေးသောဒေသများဆီမှ အမျိုးသမီးတို့၏ ဘ၀- The Good Daughter ( 8 mins )

ဒီဇာတ်လမ်းတိုလေးကတော့ မဖွံဖြိုးသေးတဲ့ ဒေသများဆီက အခွင့်အရေးဆုံးရှုံးနေဆဲဖြစ်တဲ့ အမျိုးသမီးတို့ရဲ့ ဘ၀ကို တင်ပြထားတာပါ။ ဆင်ဲးရဲခြင်းရဲ့ ဖိစီးမှုအောက်မှာ မိခင်ကောင်းတာဝန်ကျေပွန်ရတဲ့အပြင် တစ်ဖက်မှာလည်း မိသားစုအတွက် ရတဲ့အလုပ်လုပ်ကာ ပိုက်ဆံရှာဖွေ၊ မိန်းမသားတန်မဲ့ ကြမ်းတမ်း ခက်ခဲရုန်းကန်လှုပ်ရှားရသော ဘ၀များကို ဖော်ပြထားပါတယ်။ ဒီဇာတ်ကားဟာ Human Rights Human Dignity Film Festival 2014 မှာ ရွေးချယ်ပြသခံ၇တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။