Search
Close this search box.

အထင်ကရဖြစ်စဉ်များကို Mizzima နှင့်အတူ သယ်ဆောင်လာခြင်း

[addtoany]
Mandalay Hill

Mizzima မီဒီယာရဲ့ အကောင်းဆုံးဗီဒီယိုဖိုင်များကို ယူဆောင်လာခဲ့ပြီဖြစ်ပါတယ်။
”မြန်မာဆိုတာ ဘာလဲ။ မြန်မာမှာ ဘာတွေဖြစ်နေလဲ ” ဆိုတာကို Mizzima က ပုံရိပ်ထင်ထားပါတယ်။
Mizzima ဟာ ဒီနှစ်တွေအတွင်းမှာ အောင်မြင်တဲ့နေ့စဉ်ထုတ်သတင်းစာတစ်စောင်အဖြစ်ရပ်တည်ခဲ့ပါတယ်။၎င်းကို ၁၉၉၈ ခုနှစ်ကပြည်ပအခြေစိုက် မြန်မာ၇ျာနယ်လစ်များက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး
မြန်မာ့ဒီမိုကရေစီရေးရာလှုပ်ရှားမှုရဲ့ အရေးပါသော တစိတ်တပိုင်းဖြစ်တဲ့ Mizzima  ဟာ မြန်မာပြည်ရဲ့ ဖြစ်စဉ်အတော်များများကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ကျွန်မတို့ရဲ့ Engage Media မှ Mizzima ရဲ့ အကောင်းဆုံး သတင်းများကို ပြန်လည် စုစည်း မျှဝေရင်း ဂုဏ်ယူစွာ လွှင့်တင်ပေးလိုက်ပါရစေရှင်။

အိုဘားမားနှင့် အရှေ့တောင်အာရှလူငယ်များ မြန်ာနိုင်ငံတွင် တွေ့ဆုံ

အိုဘားမားရန်ကုန်ကိုရောက်ရှိခိုက်မှာ အရှေ့တောင်အာရှလူငယ်များရဲ့ မေးခွန်းများကို ဖြေကြားခဲ့ပါတယ်။ အိုဘားမားဟာ Young Southeast Asian Leaders Initiative (YSEALI) အတွက် Diamond Jubilee Hall မှာ ASEAN နိုင်ငံများမှ လူငယ်များနှင့်တွေ့ဆုံခဲ့ပါတယ်။
ဒီ သတင်းဖိုင်ထဲမှာတော့ အိုဘားမာနှင့် လူငယ်များအပြန်အလှန်မေးကြဖြေကြတာတွေက ယနေ့မြန်မာ့အရေး ဆိုင်ရာကို လှစ်ဟ ပြပါတယ်။ လူငယ်တွေရဲ့ အိုင်ဒီယာနဲ့ အိုဘားမားရဲ့ အိုင်ဒီယာကို  ပြန်လည် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဇူလိုင် (၇) အမှတ်တရ ရန်ကုန်တက္စ္စ္ဓသိုလ်တွင် ကျင်းပ

ကျောင်းသားများမှ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သော်လည်း ရက်စက်စွာကျဆုံးခဲ့ရတဲ့ ၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇)။ ကျောင်းသားများသွေးမြေကျခဲ့ရတဲ့ နေ့စွဲ ဇူလိုင်(၇)ဟာ နှစ်(၅၀)ကျော်ခဲ့ပေမယ့် မြန်မာကျောင်းသားထုရင်ထဲမှာ အမြဲခိုအောင်းလျက်ရှိပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ All Burma Federation of Students Unions (ABSFU) ဟာ မမေ့နိုင်တဲ့ ဇူလိုင် (၇) ၊နှစ်ပတ်လည်အတွက် ကျေုာင်းသားများသွေးမြေကျရာ ရန်ကုန်တက္စ္စ္ဓ္ကသိုလ် ၀င်းအတွင်းမှာ လူပေါင်း (၁၀၀)ကျော် စုဝေးရင်း ငြိမ်းချမ်းစွာ ဆနပြခဲ့ကြပါတယ်။အောက်မေ့ဖွယ်စာတန်းများ၊အမှတ်တရပန်းစည်းများ၊ ဝေ့ယမ်းနေသော အလံများကြားလွှင့်တင်ရင်း ဇူလိုင် (၇)တွင် အသက်ပျောက်ခဲ့သော ရဲဘော်ကျောင်းသားဟောင်းများကို ဦးညွတ်ခဲ့ကြပါတယ်။

မန်းတလေးတွင် အဓိကရုဏ်းဖြစ်ပွား

ဘာသာရေးဆိုင်ရာအကြမ်းဖက်လှုပ်ရှားမှုဟာ မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ မန်းတလေးမှာဖြစ်ပွားခဲ့ရာ လူ (၂)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိခဲ့သလို ဈေးဆိုင်များ၊ကားများ ပျက်စီးခဲ့ကြောင်း မျက်မြင်သက်သေများရဲ့ အဆိုအရ သိရပါတယ်။
ဗုဒ္စ္စ္ဓနှင့် အစလာမ်အုပ်စုနှစ်စုကြားကအကြမ်းဖက်မှုကြောင့် လူ(၂)ဦးအပြင် လူပေါင်း(၄၀)ခန့် ဒဏ်ရာရကြပါတယ်။(၄)ရက်ကြာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ဟာ အွန်လိုင်းပေါ်က သတင်းတစ်ပုဒ်မှ အခြေတည်ပြီး စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
Mizzima က Mandalay ရဲ့ အခြေအနေကို ချက်ချင်းသွာံးရောက်ပြီးတင်ပြထားတာဖြစ်လို့ အဲဒီချိန်ခါက ပရိသတ်စိတ်ဝင်စားခံရဆုံး video file ဖြစ်ခဲ့ပါတယ်။

Mizzima သတင်းဗီဒီယိုများကို Video Page တွင် သွားရောက်ကြည့်ရှုနိုင်ပါတယ်။ မြန်မာနိုင်ငံတွင် ပြုလုပ်ကျင်းပမည့် South East Asia Video Camp နှင့် ပတ်သတ်ပြီး South East Asia Video Camp မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။