By: Kyalyi
၂၀၁၅ ခုနှစ်အတွင်း မှာ EngageMedia ရဲ့ အယ်ဒီတာအဖွဲ့ဟာ မြန်မာလူမှုပြောင်းလဲခြင်းဆိုင်ရာ ဇာတ်လမ်းဗီဒီယိုများကို စုစည်းခြင်း၊ ဘာသာပြန်ခြင်း၊ ဖြန့်ဝေခြင်း များပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လူမှုနိုင်ငံရေးကို ဖော်ညွှန်းတဲ့ ဗီဒိယိုဖိုင်များကို ကောက်နှုတ်တင်ဆက်ခဲ့တာဟာ အခုဆို ဗီဒီယိုပေါင်း(၁၈၀) ရှိခဲံပြီဖြစ်ပါတယ်။
Wanna
Students Boycott Education Law (အမျိုးသားဥပဒေကို ကျောင်းသားများ သပိတ်မှောက်ခြင်း)
မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ ကျောင်းသားများကိုအကြမ်းဖက် ဖမ်းဆီးမှုနဲ့ရင်ဆိုင်ပြီး လွတ်လက်သော ပညာရေးကို တောင်းဆိုကာ ဥပဒေသစ်ကို သပိတ်မှောက်ခဲ့ကြကြောင်း ဒီမှာ ကြည့်ရှုနိုင်မှာပါ။
The Children of Bhamo’s Brickworks (ဗန်းမော်မြို့က အုတ်သယ်ကလေးတွေ)
မငြိမ်းချမ်းသေးသော ကချင်ပြည်နယ်ရဲ့ ဗန်းမော်မြို့မှာတော့ ကလေးငယ်တွေဟာ အသက်ရှင်ဖို့ရုန်းကန်နေရတဲ့ မိဘတွေနဲ့အတူ မြစ်ကမ်းနံဘေးမှာ အုတ်ဖုတ်လျက်ရှိကြပါတယ်။ ဒီဗီဒိယိုဖိုင်လင့်က ဒီမှာ ပါ။
Monk Rejects Preaching Ban (တရားဟောရန် တားမြစ်ခံရသော ဆရာတော်)
အစိုးရမှခန့်အပ်ထားသော အထက်ပိုင်းဆုံးဖြတ်ချက်အရ တရားဟောခွင့်တားမြစ်ခံ၇သော ရွှေည၀ါဆရာတော်က ဟောကြားခွင့်ပိတ်ပင်သော်လည်း ဟောကြားစရာရှိလျှင်ဆက်လက်ဟောကြားသွားမှာဖြစ်ကြောင်းဒီမှာ ကြည့်ရှုနိုင်ပါတယ်။
A Song for Freedom (လွတ်လပ်ခြင်းအတွက်သီချင်းတစ်ပုဒ်)
Freedom သီချင်းကတော့ လတ်တလော မြန်မာ့ပြုပြင်ပြောင်းလဲရေးနဲ့အနာဂတ်အပေါ်ထားတဲံ့လူငယ်တွေရဲ့မျှော်လင့်ချက်တွေကို မြန်မာပြည်က ရက်ပ်ပါတွေရဲ့ beat တွေထဲထည့်ထားတာပါ။
ဒါတွေကတော့ မြန်မာဗီဒီယိုဖိုင်များထဲမှ ရွေးနှုတ်တင်ပြခြင်းဖြစ်ပြီး အခြားဗီဒီယိုဖိုင်များ Subtitle တွေကို ဒီမှာကြည့်နိုင်ပါတယ်။ SEA VIDEO camp နှင့်ပတ်သတ်ပြီးလည်း ဒီမှာ ရှာတွေ့နိုင်ပါသေးတယ်။