Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

ကွာလာလမ်ပူ စည်းလုံးပွဲ။ အပြောင်းအလဲပြုလုပ်သူများ ဆင်ဆာစနစ်၊ အမုန်းစကားနှင့် နည်းပညာရရှိပိုင်ခွင့်ကို ဖြေရှင်းခြင်း

  • 29 March 2023
  • 4:26 pm

This post is also available in: English Thai Indonesian Khmer

ကွာလာလမ်ပူစည်းလုံးပွဲမှ အပြောင်းအလဲပြုလုပ်သူများမှ မလေးရှားနိုင်ငံ၏ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအခြေအနေနှင့် လျော်ညီသည့် ပြဿနာရပ်များအား ဆွေးနွေးနေပုံဓာတ်ပုံ – Ketiswary Subramaniam

လွန်ခဲ့သည့် ၂၀၂၃၊ ဇန်နဝါရီ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ် တတိယနေ့ ကွာလာလမ်ပူစည်းလုံးပွဲတွင် ဆင်ဆာစနစ်၊ အွန်လိုင်းအမုန်းစကားနှင့် ဒစ်ဂျစ်တယ်နည်းပညာရရှိပိုင်ခွင့်တို့သည် အဓိကဆွေးနွေးသည့်အချက်များဖြစ်ခဲ့ပါသည်။

EngageMedia သည် ဤပွဲအခမ်းအနားကို Hong Leong ဖောင်ဒေးရှင်းမှတည်ထောင်ထားသည့် community centre တစ်ခုဖြစ်သော Jumpstart@65 နှင့်ပူးတွဲပြီး မလေးရှားနိုင်ငံတွင် လူချင်းဆုံညီစည်းဝေးပွဲအဖြစ် ကျင်းပြခြင်းဖြစ်ပါသည်။ သည်ပွဲဟာ ဘန်ကောက်၊ ဒါကာ၊ ဂျကာတာနှင့် မနီလာမြို့တို့မှ စည်းလုံးပွဲများနှင့် အချိန်တပြေးညီကျင်းပခြင်းဖြစ်ပါသည်။

သည် လူချင်းဆုံညီတစ်ပြေးညီပွဲများသည် အပြောင်းအလဲပြုလုပ်သူများအချင်းချင်း တွေ့ဆုံကာ ဒေသတွင်းစည်းလုံးမှုအားကောင်းအောင်တည်ဆောက်နိုင်စေရန်အတွက် နေရာများထောက်ပံ့ပေးဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်ပါသည်။ အပြောင်းအလဲပြုလုပ်သူများအနေဖြင့် သည်နေရာမှာ ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်ဖို့ EngageMedia မှာဖိတ်ခေါ်အပ်ပါသည်။

Forum.EngageMedia.org/Discuss.

Kelly Koh မှ မလေးရှားနိုင်ငံတွင်း အင်တာနက်ဆင်ဆာစနစ်အခြေအနေအကြောင်း ဦးဆောင်ဆွေးနွေးနေပုံ

ဆင်ဆာစနစ်နှင့် အွန်လိုင်းအမုန်းစကားများအကြောင်း ဆွေးနွေးခြင်း

သည်‌ပွဲကို Sinar Project မှ Kelly Koh ၏ OONI Probe ကိုမိတ်ဆက်ခြင်းဖြင့် စတင်ခဲ့ပြီး ၎င်းကို အင်တာနက်လွတ်လပ်ခွင့်နှင့်သက်ဆိုင်သော သုတေသနနှင့် ‌အားပေးထောက်ခံမှုများတွင် မည်ကဲ့သို့အသုံးပြုနိုင်သည်ကို ရှင်းလင်းပြခဲ့ပါသည်။ သည်မှတဆင့် မလေးရှားနှင့် အခြားနိုင်ငံများရှိ အင်တာနက်ဆင်ဆာစနစ်အကြောင်း ဆွေးနွေးခန်းများ စတင်လာပါသည်။ မလေးရှားနိုင်ငံတွင် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် အင်တာနက်ကို ကန့်သတ်ထားခြင်းမရှိသော်လည်း နိုင်ငံရေးဝေဖန်မှုများအား အွန်လိုင်းပေါ်တွင် ပိတ်ပင်ခဲ့သည့် အဖြစ်အပျက်များရှိခဲ့ဖူးပါသည်။ သည်အဖြစ်အပျက်များကို ထောက်ပြပြောဆိုခြင်းမရှိခဲ့ပဲ အနာဂတ်တွင် ဤကဲ့သို့အလားတူအဖြစ်အပျက်များ ဖြစ်ပေါ်လာနိုင်ပါသည်။

ဆွေးနွေးနေချိန်အတွင်း တက်ရောက်သူများမှ အွန်လိုင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား တရားဝင် ဆီလျော်စွာတင်းကြပ်နိုင်ရန် လိုအပ်သည့်ဖွဲ့စည်းပုံများနှင့် ဤကဲ့သို့တင်းကြပ်ရာတွင် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးများအား ဆက်လက်ကာကွယ်နိုင်စေရန် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို ထည့်သွင်းစဉ်းစားခဲ့ကြပါသည်။

ARTICLE 19 မှ Nalini Elumalai က ဆက်လက်၍ အွန်လိုင်းအမုန်းစကားများနှင့် လူမှုကွန်ရက်ပေါ်တွင် အမုန်းစကားပွားအကြောင်းအရာများ တဟုန်ထိုး တိုးပွားလာခဲ့သည့် ၂၀၂၂ မလေးရှားအထွေထွေရွေးကောက်ပွဲအကြောင်း ဆွေးနွေးခဲ့ပါသည်။ Elumalai မှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ချမှတ်သည့် လူ့အခွင့်အရေးစံနှုန်းများအကြောင်း ရှင်းလင်းခဲ့ပြီး မည်သည့်တင်းကြပ်မှုမျိုးမဆို ဥပဒေနှင့်ညီခြင်း၊ အမှန်တကယ်လိုအပ်ခြင်းနှင့် အချိုးကျခြင်းဟူသည့် စစ်ဆေးချက် ၃ ချက်ကို အောင်မြင်ရမည်ဖြစ်ကြောင်း အလေးထားပြောဆိုခဲ့ပါသည်။ တက်ရောက်လာသူများသည် အမုန်းတရားလှုံ့ဆော်မှုများကို ဆန်းစစ်သည့် အပိုင်း ၆ ပိုင်းပါဝင်သော စစ်ဆေးချက်နှင့် အမုန်းစကားကို ရင်ဆိုင်ရာတွင်အသုံးပြုသည့် ဘောင်ကန့်သတ်ချက် ပါဝင်သော ရာဘတ်လက်တွေ့လုပ်ဆောင်ရေးအစီအစဉ်အကြောင်းကိုလည်း လေ့လာခဲ့ကြရပါသည်။

သည်စည်းလုံးပွဲကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအရှိန်အမြင့်ဆုံးဖြစ်လာသည့်ကာလတွင် လူသုံးများလာသော ဒစ်ဂျစ်တယ်အသုံးအဆောင်များအား လူလွတ်မိန်းမအိုတစ်ယောက် အသုံးချရပုံကို တင်ဆက်ထားသည့် Evelyn Teh ၏ Grey Scale ရုပ်ရှင်ပြသခြင်းဖြင့် နိဂုံးချုပ်ခဲ့ပါသည်။ သည်ရုပ်ရှင်မှ ပြောင်းလဲတိုးတက်လာသော ဒစ်ဂျစ်တယ်ခေတ်သည် အချို့လူများ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် မည်သို့မည်ပုံ ကင်းကွာလာနိုင်ကြောင်း ဆွေးနွေးစရာများ ပေးစွမ်းခဲ့ပါသည်။

Nalini Elumalai မှ အွန်လိုင်းအမုန်းစကားနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ထားရှိသည့် လူ့အခွင့်အရေးစံနှုန်းများ ဆက်နွယ်နေပုံကို ပြောဆိုနေပုံ

ဒစ်ဂျစ်တယ်လူ့အခွင့်အရေးများကာကွယ်ရန် နည်းလမ်းများ ရှာဖွေသင်ယူခြင်း

သည်ပွဲမှာ တက်ရောက်လာသူများအနေဖြင့် ၎င်းတို့နယ်ပယ်နှင့်အကိုက်ညီဆုံး ဒစ်ဂျစ်တယ်လူ့အခွင့်အရေးစိုးရိမ်မှုများကို ဆွေးနွေးနိုင်ရန် ဖန်တီးပေးထားပါသည်။ Myanmar Centre of Responsible Business ၏ Programme Manager ဖြစ်သူ Svetlana Zens မှ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးများဟာ လူတစ်ယောက်ချင်းစီနှင့် အသိုင်းအတိုင်းများအတွက် သတင်းအချက်အခက်ရရှိစေရန်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်စေရန်နှင့် အွန်လိုင်းတွင် တစ်ကိုယ်ရည်လုံခြုံမှုရှိစေရန် ကူညီပေးသည့်အတွက် ၎င်းအခွင့်အရေးများကို ကာကွယ်ရန်လိုအပ်ကြောင်း ‌ပြောဆိုခဲ့ပါသည်။ ဤသို့ကာကွယ်ခြင်းဖြင့် ပြည်သူများ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်တွင် အပြည့်အဝပါဝင်လာနိုင်ခြင်း၊ ပညာရေးနှင့် အခြားရင်းမြစ်များရရှိလာခြင်း၊ နိုင်ငံရေး လူမှုရေးဆွေးနွေးမှုများတွင် ပါဝင်လာနိုင်ခြင်းတို့ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

သု‌တေသနပညာရှင် Zana Fauzi မှလည်း ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအပေါ် ခြိမ်းခြောက်မှုများကို လေ့လာခြင်းအားဖြင့် သက်ဆိုင်ရာအကြီးအကဲများအနေဖြင့် သည်ပြဿနာရပ်များနှင့် ၎င်းတို့နောက်ကွယ်တွင် လျှိုအောင်းနေသည့် စနစ်ပြဿနာများကို ရင်ဆိုင်နိုင်ရန် နည်းဗျူဟာများ ချမှတ်လာနိုင်မည့်အကြောင်း ဖြည့်စွက်ပြောဆိုခဲ့ပါသည်။

လူမှုကွန်ရက်ပလက်ဖောင်းများဟာ မကောင်းမှုကျူးလွန်သူတို့ရဲ့လုပ်ရပ်များကို မီးမောင်းထိုးပြသော်လည်း သည်ထက်နက်ရှိုင်းတဲ့ စနစ်ပြဿနာရပ်များဖြစ်သည့် နိုင်ငံခြားသားမုန်းတီးခြင်း၊ လိင်တူချစ်ကြိုက်မှုမုန်းတီးခြင်း၊ လူမျိုးရေးခွဲခြားခြင်း စသည့် စွန့်ပယ်ခံလူတန်းစားများ၏အခွင့်အရေးကို ဖိနှိပ်ခြင်းများရှိနေသေးပြီး ၎င်းတို့ကို တရားဥပဒေနှင့်ရင်ဆိုင်ခြင်းကိုလွန်၍ ဖြေရှင်းရမည်ဖြစ်ပြီး လူမှုအလွှာ၊ လူတန်းစားအားလုံးပါဝင်သည့် ချဉ်းကပ်နည်းဖြင့် စွဲမြဲအောင်သွန်သင်သင့်ကြောင်း သူမက ထပ်လောင်းပြောဆိုခဲ့ပါသည်။

READ HIGHLIGHTS FROM DAY 1

READ HIGHLIGHTS FROM DAY 2

READ HIGHLIGHTS FROM DAY 3

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact