Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

ဘန်ကောက်စည်းလုံးပွဲကောက်နုတ်ချက်။ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်၊ အင်တာနက်လွတ်လပ်ခွင့် အပေါ် ခြိမ်းခြောက်မှုများ

  • 29 March 2023
  • 5:05 pm

This post is also available in: English Thai Indonesian Khmer

Asia Centre မှ Research Assistant ဖြစ်သည့် Ekmongkhon Puridei မှ စည်းလုံးပွဲရှိ ဒေသတွင်းအစီအစဥ်အတွင်း ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဆွေးနွေးပွဲများအပေါ် ၎င်း၏သုံးသပ်ချက်ကို မျှဝေနေပုံ ဓာတ်ပုံ – Asia Centre

ဒစ်ဂျစ်တယ်အာဏာရှင်စနစ်နှင့် အင်တာနက်လွတ်လပ်ခွင့်အပေါ် ပိုမိုတင်းကြပ်လာမှုများဟာ လွန်ခဲ့သည့် ၂၀၂၃၊ ဇန်နဝါရီ ၁၄ ရက်နေ့ကကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်၏ တတိယနေ့ ဘန်ကောက်စည်းလုံးပွဲသို့ တက်ရောက်လာသော အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအားပေးထောက်ခံသူများ၏ အဓိကဆွေးနွေးစရာများဖြစ်ခဲ့ပါသည်။

EngageMedia သည် ဤပွဲအား Asia Centre နှင့်အတူပူးပေါင်းကျင်းပြခြင်းဖြစ်ပါသည်။ တက်ရောက်လာသူများတွင် iLaw, Manushya Foundation, Human Rights Lawyers Association, Internews, East-West Management Institute – Open Development Initiative, RECOFTC, Asian Institute of Technology, Yokosuka Council on Asia Pacific Studies နှင့် Virtue Research စတဲ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်ပါသည်။

သည်ပွဲဟာ လူချင်းစုံညီတစ်ပြေးညီကျင်းပသည့် ပွဲ ၅ ပွဲအနက် ၁ ပွဲအပါအဝင်ဖြစ်ပြီး ကျန်ပွဲများကို ဒါကာ၊ ဂျကာတာ၊ ကွာလာလမ်ပူနှင့် မနီလာမြို့တို့တွင် ကျင်းပခဲ့ပါသည်။ အပြောင်းအလဲပြုလုပ်သူများအနေဖြင့် သည်နေရာမှာ ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်ဖို့ EngageMedia မှာဖိတ်ခေါ်အပ်ပါသည်။ Forum.EngageMedia.org/Discuss.

Southeast Asian Press Alliance ၏ Executive Director ဟောင်းဖြစ်သည့် Edgardo P. Legaspi မှ ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် ၂ ဆင့်အထောက်အထားပြသခြင်းသည် အစိုးရထောက်လှမ်းရေးစနစ်အတွက် စနစ်အသစ်တစ်ခုဖြစ်လာနိုင်ကြောင်း ဆွေးနွေးနေပုံ။ ဓာတ်ပုံ – Asia Centre

ဒီမိုကရေစီ၊ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်နှင့် ရွေးကောက်ပွဲများ

သည်စည်းလုံးပွဲတွင် ထိုင်းနိုင်ငံနှင့် အရှေ့တောင်အာရှ၏ အင်တာနက်လွတ်လပ်ခွင့်အခြေအနေအပေါ် ဆွေးနွေးခန်းပါဝင်ပြီး ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအတွင်း ဒစ်ဂျစ်တယ်လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ရိုက်ကူးထားသည့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးနှင့်သက်ဆိုင်သော Tech Tales ရုပ်ရှင်များအနက်မှ ရွေးချယ်ပြသခြင်းတို့ ပါဝင်ခဲ့ပါသည်။

မနက်ပိုင်းဆွေးနွေးခန်းတွင် Dr. James Gomez, Dr. Marc Piñol Rovira, Asia Centre မှ Korbkusol Neelapaichit နှင့် Saittawut (Matt) Yutthaworakoolare တို့မှ အရှေ့တောင်အာရှနှင့် ထိုင်းနိုင်ငံတွင်း အင်တာနက်လွတ်လပ်ခွင့်များအကြောင်း အသေးစိတ်ရှင်းပြခဲ့ပြီး စုံညီဆွေးနွေးခန်းတစ်ခုကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးသူများမှ ထိုင်းနိုင်ငံတွင် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ဆီ ရွေ့ပြောင်းလာမှုအပေါ် ၎င်းတို့၏ သုံးသပ်ချက်များကို မျှဝေခဲ့ပါသည်။ တက်ရောက်လာသူများမှ နိုင်ငံတော်လုံခြုံရေးခေါင်းစဥ်တပ်ကာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ပိုမိုတင်းကြပ်လာခြင်းအပေါ် စိုးရိမ်ခဲ့ကြပါသည်။ သို့ပေမယ့် ကွန်ပြူတာရာဇဝတ်မှုဥပဒေကဲ့သို့ အငြင်းပွားဖွယ်ဥပဒေများသည် ရှင်းလင်းပြတ်သားခြင်းမရှိပဲ အာဏာပိုင်များမှ အရေးကြီးသောစကားသံများအား ဖိနှိပ်ရန်သာ အသုံးချနေကြသည်။ သည်ပြဿနာရပ်ဟာ ယခုနှစ်အတွင်းကျင်းပတော့မည့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲနှင့် အချိန်ကိုက်လည်းဖြစ်နေပါသည်။ အစိုးရအာဏာပိုင်များမှ ပြိုင်ဖက်ပါတီများ၏အသံကို ဖိနှိပ်ခြင်းများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း တက်ရောက်လာသူများမှ ပြောဆိုခဲ့ကြပါသည်။ ရွေးကောက်ပွဲများသည် ဒီမိုကရေစီလုပ်ထုံးတစ်ခုဖြစ်သင့်သော်ငြားလည်း လူမှုကွန်ရက်ပေါ်ရှိ လုပ်ကြံသတင်းများနှင့် တင်းကြပ်မှုများက မဲဆန္ဒရှင်များကြား စိတ်သဘောထားမတိုက်ဆိုင်မှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများရှိနေပါသည်။

သည်ပွဲအတွင်း Data and Society တည်ထောင်သူဖြစ်သည့် Danah Boyd မှ လျစ်လျူရှုခြင်းပညာအပေါ် သူမ၏ အမြင်များကို မျှဝေခဲ့ပြီး သတင်းအချက်အလက် (သို့) ဗဟုသုတဆုံးရှုံးခြင်း၊ သို့မဟုတ် သတင်းအချက်အလက်အား မှန်ကန်ခြင်းရှိမရှိ ဝေခွဲရခက်စေရန် နည်းဗျူဟာကျကျ အရောင်ဆိုးထားခြင်းတို့မှ မြစ်ဖျားခံသည့် လျစ်လျူရှုခြင်းတစ်မျိုးရှိကြောင်း ထောက်ပြခဲ့ပါသည်။ ထိုင်းနိုင်ငံတွင်မူ နိုင်ငံရေးတွန်းအားများနှင့် ဥပဒေစနစ်များက နည်းပညာကိုအသုံးချ၍ လွတ်လပ်စွာပြောဆိုခွင့်နှင့် သုတမျှဝေမှုအပေါ် အာဏာနှင့် ထိန်းချုပ်မှုများပြုလုပ်ပုံဖော်လျက်ရှိပါသည်။

ဤခြိမ်းခြောက်မှုများကို သိထားသည့် တက်ရောက်သူများမှ ရွေးကောက်ပွဲများမတိုင်ခင် သည်ပြဿနာရပ်များကို ရင်ဆိုင်ဖို့ရာ ရှုထောင့်စုံပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ထောက်ပြပြောဆိုခဲ့ကြပါသည်။ အစိုးရအနေဖြင့် ဖိနှိပ်သောလုပ်ရပ်များနှင့် လုပ်ကြံသတင်းများပျံ့နှံ့မှုကို ရပ်တန့်ခြင်းဖြင့် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြောင်းပြသရန် အရေးကြီးကြောင်း သည်ဆွေးနွေးခန်းမှာ ပြောဆိုခဲ့ကြသည့်အကြောင်းကို EngageMedia ၏ ထိုင်းနိုင်ငံ Digital Rights Project Officer ဖြစ်သည့် Prapasiri “Nan” Suttisome မှပြန်ပြောင်းပြောဆိုခဲ့ပါသည်။

ထပ်မံ၍ Suttisome မှ ဘန်ကောက်စည်းလုံးပွဲကဲ့သို့ နေရာမျိုုးဟာ ထိုင်းနိုင်ငံရှိ အပြောင်းအလဲပြုလုပ်သူများအတွက် အရေးကြီးသောအချိန်အခါတွေ အံကိုက်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။ ဘန်ကောက်မြို့တွင်ကျင်းပသော အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ် လူချင်းစုံညီစည်းလုံးပွဲဟာ ဒစ်ဂျစ်တယ်အာဏာရှင်စနစ် ပြဿနာရပ်များနှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးလှုပ်ရှားမှုများကို အားကောင်းစေရန်လိုအပ်နေမှုအတွက် အရေးကြီးသောဖိုရမ်တစ်ရပ်ကို ဖန်တီးပေးခဲ့ပါသည်။

READ HIGHLIGHTS FROM DAY 1

READ HIGHLIGHTS FROM DAY 2

READ HIGHLIGHTS FROM DAY 3

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact