
DRAPAC VPN Bot ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Bot က Telegram နဲ့ WhatsApp ကနေ VPN access ရယူနိုင်ဖို့ လွယ်ကူလုံခြုံတဲ့ နည်းလမ်းတစ်ခုပေးပါတယ်။
DRAPAC VPN Bot ဟာ DRAPAC VPN Project ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး EngageMedia၊ Reporters Without Borders (RSF)၊ eQualitie၊ Digital Defenders Partnership (DDP) နှင့် SAFEnet တို့ ပူးပေါင်းလုပ်ဆောင်ထားတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ Asia-Pacific ဒေသရှိ လူ့အခွင့်အရေးကာကွယ်သူများ အတွက် အခမဲ့ VPN ထောက်ပံ့မှု ပေးခြင်းအားဖြင့် အင်တာနက်ပိတ်ဆို့မှုတွေကို ကျော်ဖြတ်နိုင်ဖို့ နှင့် ဒစ်ဂျစ်တယ် စောင့်ကြည့်မှုတွေကို တိုက်ဖျက်နိုင်ဖို့ အထောက်အပံ့ ပေးနေပါတယ်။
ဘာကြောင့် Telegram/WhatsApp Bot ကို အသုံးပြုသင့်သလဲ?
ဒီဂျစ်တယ်အခွင့်အရေးများခြိမ်းခြောက်ခံနေရသောဒေသများတွင် အရေးကြီးဆုံးအချိန်တွေမှာပင် လုံခြုံမှုရှိတဲ့ ဆက်သွယ်မှုနည်းလမ်းများ ပိတ်ဆို့ခံရ တတ်ပါတယ်။ တချို့လူတွေအတွက် VPN ရယူ အသုံးပြုဖို့အတွက်ရာ နည်းပညာကြောင့်ဖြစ်စေ၊ ငွေကြေးကြောင့်ဖြစ်စေ အခက်ခဲများရှိနိုင်ပါတယ်။
Telegram နဲ့ WhatsApp တို့က လူသုံးများပြီး၊ အခြေအနေတင်းမာလာတဲ့အချိန်မှာပင် သူတို့ကို ပိတ်လိုက်တာမျိုးကြုံရတာ နည်းပါတယ်။ လွယ်ကူပြီး တော်ယုံ ပိတ်လေ့မရှိတဲ့လမ်းကြောင်းတွေဖြစ်တာကြောင့် လူ့အခွင့်အရေး ကာကွယ်သူတွေအတွက် အလွန်အသုံးဝင်ပါတယ်။
DRAPAC VPN Project က Outline VPN Key ဖြန့်ဝေမှုကို နေ့စဉ်သုံး Messaging Apps များထဲသို့ တိုက်ရိုက် ပေါင်းစည်းပေးထားသောကြောင့် လူ့အခွင့်အရေးကာကွယ်သူများအနေနဲ့ VPN access လွယ်ကူစွာ တောင်းနိုင်ပြီး အမြန်ဆုံး သုံးနိုင်မည်ဖြစ်ပါတယ်။ နည်းပညာပိုင်း အခက်အခဲများကို လျှော့ချပြီး VPN သုံးနိုင်မှုများ တိုးတက်လာနိုင်မည်ဖြစ်ပါတယ်။
Telegram နဲ့ WhatsApp မှာ VPN Key ဘယ်လိုရယူမလဲ?
- Telegram မှာ @drapacvpn_bot ကို စတင် message ပို့ပါ
- WhatsApp မှာ +61342365876 ကို message ပို့ပါ
Bot က VPN access တောင်းဖို့ အဆင့်ဆင့်လမ်းညွှန်ပေးပါမယ်။ ပထမဆုံးအနေဖြင့် VPN လိုအပ်ချက်အပေါ် သုံးသပ်မှု (VPN Needs Assessment) ဖောင်ဖြည့်ပါ — DRAPAC VPN မိတ်ဖက်အဖွဲ့အစည်းများထဲမှာ မိမိနှင့် ဆက်စပ်သော အဖွဲ့အစည်းတစ်ခု၏ ပုံစံဖောင်တွင်ဖြည့်နိုင်ပါတယ်။ မိတ်ဖက်အဖွဲ့အစည်းများမှ တောင်းဆိုမှုကို စစ်ဆေးပြီး ခွင့်ပြုပေးပါလိမ့်မည်။ ခွင့်ပြုချက် အတည်ပြုပြီးပါက Telegram နဲ့ WhatsApp မှာတင် Outline VPN access keys တွေကို တိုက်ရိုက် ရယူနိုင်ပါပြီ။ ပိုမိုသိရှိလိုပါက drap.ac/vpn/bot ကို သွားကြည့်နိုင်ပါတယ်။
Telegram တွင် ဘင်္ဂလီ (বাংলা)၊ အင်္ဂလိပ်၊ အင်ဒိုနီးရှား (Bahasa Indonesia)၊ မလေး (Bahasa Melayu/Malay) နှင့် မြန်မာဘာသာ တို့ဖြင့် ရရှိနိုင်ပါသည်။ WhatsApp တွင် အင်္ဂလိပ်ဘာသာဖြင့်သာ ရနိုင်သည်။ ဘာသာပြန်မှုများတွင် ကူညီလိုပါက gitlab.com/drapac.net/vpn တွင် ဝင်ရောက်ပါဝင်ပါ။
ထပ်တိုးသိရှိလိုသည်များရှိပါက [email protected] (public key) သို့ဆက်သွယ်ပါ။