Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ် ဒုတိယနေ့။ ချိတ်ဆက်ရန်၊ ဗဟုသုတဝေမျှရန်နှင့် လက်တွဲလုပ်ဆောင်ရန် အခွင့်အလမ်းများ ရှာဖွေခြင်း

  • 30 March 2023
  • 1:28 pm

This post is also available in: English Thai Indonesian Khmer

ပထမနေ့ဆွေးနွေးခန်းများပြီးဆုံး၍ အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်‌အရေးဖိုရမ် ဒုတိယနေ့မှာတော့ ‌ကဏ္ဍစုံပူးပေါင်းလုပ်ဆောင်ခြင်းနှင့် ဦးဆောင်ဦးရွက်ပြုသူများနှင့်အတူ လူမှုအဖွဲ့အစည်း၏ ပါဝင်ခြင်းတို့မှတဆင့် ဒေသတွင်းစည်းလုံးမှုအားကောင်းစေရေးကို အဓိကထားခဲ့ပါသည်။

အဖွင့်ဆွေးနွေးပွဲ။ ဒေသတွင်းစည်းလုံးညီညွတ်မှုတည်ဆောက်ခြင်းနှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအပေါ် လက်တွဲလုပ်ဆောင်ခြင်း

သည်အဖွင့်ဆွေးနွေးပွဲမှာ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးထောက်ခံဿူများအချင်းချင်း ချိတ်ဆက်မှု၏တန်ဖိုးကို အဓိကထားပြောဆိုခဲ့ကြပါသည်။ သည်ပွဲအား လူဦးရေ ၆၀ ကျော်တက်ရောက်ခဲ့ပြီး အင်ဒိုနီးရှားဘာသာ၊ ဗမာဘာသာ၊ ခမာဘာသာနှင့် ထိုင်းဘာသာစကားတို့ဖြင့် တိုက်ရီုက်ကြည့်ရှုနိုင်ရန် စီစဥ်ထားခဲ့ပါသည်။

စည်းလုံးခြင်းနှင့် အတူလက်တွဲလုပ်ဆောင်ခြင်းသည် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့လုပ်ငန်းလည်ပတ်နေသည့်အကြောင်းအရာများအပေါ် နားလည်နိုင်စေရန်အတွက် အရေးကြီးကြောင်းကို အတူလက်တွဲလုပ်ဆောင်၍ ပတ်ဝန်းကျင်အားနားလည်ခြင်းရှိဖို့ လိုအပ်သည့်အကြောင်း အလေးထားပြောကြားခဲ့သည့် EngageMedia ၏ Executive Director Phet Sayo မှ ရှင်းပြခဲ့ပါသည်။ သည်လိုနားလည်လာဖို့အတွက် သော့ချက်သည် ပညာရပ်တစ်ခုနယ်ပယ်တစ်ခုထက်မက လက်တွဲလုပ်ဆောင်ခြင်းဖြစ်ပါသည်။ Sayo မှ ဒစ်ဂျစ်တယ်ခေတ်တွင် လူ့အခွင့်အရေးအားဖြင့် ပတ်ဝန်းကျင်အားနားလည်ခြင်းသည် အလွှာပေါင်းစုံရှိ၍ အားလုံးပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

Progressive Voice of Myanmar တည်ထောင်သူ မခင်ဥမ္မာမှ မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုမှ ပြည်သူတို့၏လူ့အခွင့်အရေးများကို ပြည့်ဖုံးကာချရန်ကြိုးစားနေမှုအား တွန်းလှန်နေသည့် မြန်မာပြည်သူများ၏ ရုန်းကန်မှုအခြေအနေကို မျှဝေခဲ့ပါသည်။ သို့ပေမယ့် သည်လှုပ်ရှားမှုဟာ မြန်မာနိုင်ငံချည်းသီးသန့်လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် ၎င်းတို့၏ရုန်းကန်မှုအခြေအနေများကို ချဲ့ထွင်ရှင်းပြရန်လိုအပ်နေကြောင်း အလေးထားပြောဆိုခဲ့ပါသည်။

အာရှ-ပစိဖိတ်ဒေသတဝှမ်းတွင် အာဏာပိုင်အစိုးရများဟာ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုများကို အောင်မြင်စွာပြဌာန်းထားပါသည်။ သို့သော် Greater Internet Freedom program ရဲ့ အကြီးအကဲဖြစ်သူ Brittany Piovesan ပြောဆိုချက်အရ အင်တာနက်လွတ်လပ်ခွင့်ကို မြှင့်တင်နိုင်ရန်သော့ချက်မှာ စုပေါင်းလုပ်ဆောင်ခြင်းဖြစ်ပါသည်။ Piovesan မှ လူ့အခွင့်အရေးထောက်ခံအားပေးသူများအား လုပ်ငန်းခွင်တွင်း အချင်းချင်းနားလည်မှုရှိလာစေရန် နေရာများထောက်ပံ့ပေးခြင်းဟာ အတူလက်တွဲလုပ်ဆောင်ဖို့ အုတ်မြစ်ဖြစ်ကြောင်း မျှဝေခဲ့ပါသည်။

ဆွေးနွေးခန်းကောက်နှုတ်ချက်များ

အွန်လိုင်းမီဒီယာလွတ်လပ်ခွင့်ဆွေးနွေးခန်းတွင် ကိုဗစ်-၁၉ ၏သက်ရောက်မှုဖြစ်သော သတင်းထောက်များအနေဖြင့် ဥပေဒများတင်းကြပ်ထားသည့်အချိန်တွင် ယုံကြည်ရသည့်သတင်းရရှိနိုင်ရန် အကန့်အသတ်ရှိနေသည့်ကြား လုပ်ကြံသတင်းများအား ဖွင့်ချရခြင်းအကြောင်း လေ့လာခဲ့ကြပါသည်။ မီဒီယာလွတ်လပ်ခွင့်အား ကာကွယ်ရေးအပေါ် ဆွေးနွေးသူများမှ ပြည်သူလူထုလက်လှမ်းမှီရန်နှင့် ချိတ်ဆက်နိုင်ရန် အရှိန်မြှင့်ဖို့လိုအပ်ကြောင်း အလေးထားပြောဆိုခဲ့ကြပါသည်။

နည်းပညာထိပ်သီးများအားစိန်ခေါ်ခြင်းဆွေးနွေးခန်းတွင် ဆွေးနွေးသူများမှ နည်းပညာပလက်ဖောင်းများ တာဝန်ယူမှု၊ တာဝန်ယူမှုရှိလာစေရန် တောင်းဆိုသည့်စကားဝိုင်းများတွင် လူမှုအဖွဲ့အစည်းများ ပါဝင်ပတ်သက်လာစေရန် အားပေးမှုနှင့် လူ့အခွင့်အရေးကို ပိုမိုလေးစားသည့် ပလက်ဖောင်းများအား စင်တင်ပေးမှု၏ အရေးကြီးမှုကို အလေးထားပြောဆိုခဲ့ကြပါသည်။ ထပ်မံ၍ နည်းပညာပိုင်းတွင် လူ့အခွင့်အရေးအပြည့်အဝရရှိစေရန် ဗဟိုပြုခြင်းသည် ငွေကုန်ကြေးကျများပြားနိုင်သည့်အတွက် လူ့အခွင့်အရေးအားပေးထောက်ခံသူများအနေဖြင့် ထိုကဲ့သို့ပလက်ဖောင်းများအား အားပေးထောက်ခံကြရန်လည်း ဆွေးနွေးသူများမှ တိုက်တွန်းခဲ့ကြပါသည်။

လူငယ်များ၏ပါဝင်ပတ်သက်မှုဆွေးနွေးခန်းတွင် မီဒီယာကျွမ်းကျင်မှုနှင့် လူငယ်များ ဓမ္မဓိဌာန်ကျကျ တွေးခေါ်နိုင်ရန် တွန်းအားပေးမှု၏အရေးကြီးပုံအား အဓိကထားဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးသူများမှ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပြဿနာရပ်များအပေါ် တက်ကြွစွာပါဝင်လာနိုင်ရန် အားပေးသည့်အနေဖြင့် လူငယ်များ၏ဖန်တီးနိုင်စွမ်းနှင့် ရင်းနှီးလာဖို့လိုအပ်ကြောင်း ထောက်ပြခဲ့ကြပါသည်။

ဒစ်ဂျစ်တယ်လုပ်သားဆွေးနွေးခန်းတွင် ဆွေးနွေးသူများမှ အလွတ်တန်းအလုပ်များ၏ အားသာချက်၊ အားနည်းချက်များအား ဆွေးနွေးခဲ့ကြပါသည်။ တစ်ဖက်တွင် အချိန်မရွေးလုပ်ကိုင်နိုင်သော အားသာချက်ရှိသော်လည်း တစ်ဖက်တွင် လုပ်သားကာကွယ်မှုမရှိသည့် အားနည်းချက်ရှိနေပါသည်။ ဆွေးနွေသူများမှ လုပ်သားများအနေဖြင့် စည်းလုံးမှုတည်ဆောက်ရန်နှင့် သုံးစွဲသူများကြား သိကောင်းစရာများဝေမျှရန် လိုအပ်ကြောင်း ထောက်ပြခဲ့ကြပါသည်။

ဒစ်ဂျစ်တယ်လုံခြုံရေးဆွေးနွေးခန်းတွင် ဒေသတွင်းလုံခြုံရေးအန္တရာယ်များနှင့် တက်ကြွလှုပ်ရှားသူများ အချင်းချင်း အားပေးကူညီရန်လိုအပ်မှုကို အကျဥ်းချုံးတင်ဆက်ခဲ့ကြပါသည်။ ဆွေးနွေးသူများမှ အစိုးရပုဂ္ဂိုလ်များအနေဖြင့် အလျဥ်းသင့်သလိုတုံ့ပြန်နိုင်ရန် နည်းပညာကို ဘယ်လောက်အထိ ဆိုးဝါးစွာ အသုံးချနေကြောင်းနားလည်ရန်လိုအပ်သည်ဟု ပြောဆိုခဲ့ပါသည်။

Asia Centre မှဦးဆောင်သည့် ပွင့်လင်းမြင်သာလုံခြုံသောနည်းပညာဆွေးနွေးခန်းတွင် ဤကဲ့သို့နည်းပညာများအား အဘယ်ကြောင့်အတုယူအသုံးပြုမှုနည်းပါးနေသည်ကို စေ့စပ်စွာကြည့်ရှုလေ့လာရန် ရည်ရွယ်ခဲ့ပါသည်။ တက်ရောက်လာသူများမှ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသည် တစ်ထောင့်တစ်နေရာမှပါဝင်ကြောင်းနှင့် ဤနည်းပညာနှင့်သက်ဆိုင်သော သင်ထောက်ကူများကို ဆွေးနွေးခန်းများတွင် အသုံးပြုရာမှစတင်ခြင်းသည် ကောင်းမွန်သည့်ပထမခြေလှမ်းဖြစ်ကြောင်း မျှဝေခဲ့ကြပါသည်။

Continue the discussions on Forum.EngageMedia.org

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact