Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ် တတိယနေ့။ ဘုံစိန်ခေါ်မှုများအား ဖြေရှင်းရန် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအသိုင်းအဝိုင်းတွင်း ချိတ်ဆက်မှုများအားသန်စေခြင်း

  • 30 March 2023
  • 1:30 pm

This post is also available in: English Thai Indonesian Khmer

ဒါကာမြို့ စည်းလုံးရေးပွဲတော်တွင် ဓာတ်ပုံအရိုက်ခံခဲ့ကြသည့် Digitally Right မှ Sadiul Islam Antor နှင့် programme coordinator Tasmiah Juthi

EngageMedia သည် ဇန်နဝါရီ ၁၄၊ ၂၀၂၃ တွင် သုံးရက်တာ အာရှ-ပစိဖိတ်ဒစ်ဂျစ်တယ်လူ့အခွင့်အရေးဖိုရမ်အား လူချင်းစုံညီ တစ်ပြေးညီပွဲများ နေရာ ၅ နေရာတွင် တစ်ပြိုင်နက်ကျင်းပပြုလုပ်ကာ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအားပေးထောက်ခံသူ ၁၀၀ ကျော်အတွက် နိုင်ငံတွင်းနှင့် အာရှ-ပစိဖိတ်ဒေသတဝှမ်းမှ အားပေးထောက်ခံသူအချင်းချင်း ဆုံတွေ့ခွင့်ရစေရန် အထောက်အကူပြု၍ ပိတ်သိမ်းခဲ့ပါသည်။

ဘန်ကောက်၊ ဒါကာ၊ ဂျကာတာ၊ ကွာလာလမမူနှင့် မနီလာမြို့တို့တွင် တစ်ပြိုင်နက်ကျင်းပသောပွဲများကို EngageMedia မှ Asia Centre, Digitally Right, SAFEnet, Indonesia Jentera School of Law, Jumpstart@65 နှင့် Out of the Box Media Literacy Initiative တို့ဖြင့်အသီးသီးပူးပေါင်းကာ ဧည့်ခံကျင်းပခဲ့ပါသည်။

သည်စည်းလုံးရေးပွဲတော်များဟာ ပါဝင်သူများအတွက် မိမိနိုင်ငံတွင်းရှိ ဒစ်ဂျယ်တယ်လူ့အခွင့်အရေးပြသနာရပ်များအား ထဲထဲဝင်ဝင်အဖြေရှာနိုင်ရန်နှင့် အခြားအပြောင်းအလဲပြုလုပ်သူများနဲ့ ချိတ်ဆက်မှုများ အားကောင်းစေရန် နေရာများထောက်ပံ့ပေးခြင်းဖြစ်ပါသည်။ ထိုနေ့အပြီးတွင် လူချင်းစုံညီတစ်ပြေးညီပွဲများအား တက်ရောက်ခဲ့သူများအနေဖြင့် သူတို့၏သင်ယူခဲ့မှုများကို ပို၍ကျယ်ပြန့်သော ဒေသတွင်း ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအသိုင်းအဝိုင်းနှင့် မျှဝေနိုင်ရန်အလို့ငှာ တစ်ယောက်နှင့်တစ်ယောက် ဗီဒီယိုဖုန်းခေါ်ဆိုမှုမှတဆင့် အပြန်အလှန်ပြောဆိုခွင့် ရရှိခဲ့ကြပါသည်။

အပြောင်းအလဲပြုလုပ်သူများအနေဖြင့် သည်နေရာမှာ ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်ဖို့ EngageMedia မှဖိတ်ခေါ်အပ်ပါသည်။ Forum.EngageMedia.org/Discuss.

ထောက်လှမ်းရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ဘုံစိုးရိမ်မှုများ

စည်းလုံးရေးပွဲတော်များအတွင်း တက်ရောက်သူများမှ ၎င်းတို့နှင့်အသက်ဆိုင်ဆုံး ဒစ်ဂျယ်တယ်လူ့အခွင့်အရေးစိုးရိမ်မှုများကို ဆွေးနွေးခဲ့ကြပါသည်။ ပြသနာရပ်များစွာဖြစ်သော ဒစ်ဂျစ်တယ်အာဏာရှင်စနစ်၊ အမုန်းစကားများ၊ အွန်လိုင်းတွင်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆင်ဆာစနစ်နှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့်ခြင်းတို့ဟာ ဘုံစိန်ခေါ်မှုများအဖြစ် ထွက်ပေါ်လာကြပါသည်။

မနီလာပွဲတော်တက်ရောက်သူများမှ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးများကိုဖိနှိပ်ရန် အစိုးရထောက်လှမ်းရေးစနစ်၊ ဆိုက်ဘာအသရေဖျက်ဥပဒေ၊ အကြမ်းဖက်မှုပပျောက်ရေးဥပဒေနှင့် ဆင်းမ်ကဒ်မှတ်ပုံတင်ဥပဒေတို့ကို အသက်သွင်းလာခြင်းနှင့် သတင်းအချက်အလက်များစနစ်တကျမရှိသည့် အသိုက်အမြုံဖြစ်နေခြင်းတို့အား အရေးကြီးသည့် စိုးရိမ်ဖွယ်ရာများအဖြစ် တင်ပြခဲ့ကြပါသည်။ တက်ရောက်သူများဟာ မီဒီယာကျွမ်းကျင်မှုရှားပါးခြင်းနှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအရင်းအမြစ်များအား ယဥ်ကျေးမှုထုံးထမ်းများနှင့်အညီ ဒေသတွင်းအသုံးပြုနိုင်အောင် ဖန်တီးထားမှုမရှိခြင်းစတဲ့ စနစ်ပြဿနာများရှိနေသည့်ကြားမှ ထောက်ခံအားပေးမှုအတွက်နည်းဗျူဟာများကို ပြန်လည်သုံးသပ်ရန်အလေးထားထောက်ပြခဲ့ပါသည်။

မနီလာပွဲတော်မှ အထူးအစီရင်ခံစာတင်သွင်းသူများ ၎င်းတို့သင်ယူခဲ့မှုများအား ပို၍ကျယ်ပြန့်သော ဒေသတွင်း ဒစ်ဂျစ်တယ်လူ့အခွင့်အရေးအသိုင်းအဝိုင်းနှင့် ဗီဒီယိုဖုန်းခေါ်ဆိုမှုမှတဆင့် မျှဝေနေပုံ

ထောက်လှမ်းရေးနှင့် အွန်လိုင်းလွတ်လပ်ခွင့်အပေါ် အလားတူစိုးရိမ်မှုများကိုလည်း ဒါကာပွဲတော်တက်ရောက်သူများမှ ပြောဆိုခဲ့ကြပါသည်။ တက်ရောက်လာသူများမှ ဆင်ဆာစနစ်အပေါ် သိမ်မွေ့သောစကားဝိုင်းများ၏ အရေးကြီးမှုကို ပြောဆိုခဲ့ကြပြီး အန္တရာယ်ရှိသောအကြောင်းအရာများကို ကန့်သတ်ခြင်းနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား ထိန်းသိမ်းခြင်းကို မျှတရန်လိုအပ်ကြောင်းထောက်ပြခဲ့ကြပါသည်။ တက်ရောက်သူများမှ ဂျန်ဒါအခြေပြုအွန်လိုင်းတိုက်ခိုက်မှုများနှင့် ဂျန်ဒါလူနည်းစုများ၏ တစ်ကိုယ်ရည်အတွေ့အကြုံများမှတဆင့် ရှုထောင့်မျိုးစုံပါဝင်သော အမျိုးသမီးတန်းတူအခွင့်အရေးဝါဒနှင့် LGBTQI+ ပြဿနာရပ်များအထိ ဆွေးနွေးမှုများ ပြောင်းလဲလာပုံများအား ဖြေရှင်းခဲ့ကြပါသည်။

ဆင်ဆာစနစ်နှင့် အမုန်းစကားတို့သည် ကွာလာလမ်ပူပွဲတော်တွင် အဓိကဆွေးနွေးသောအချက်များ ဖြစ်ပါသည်။ Sinar Project မှ OONI Probe ကိုအသုံးပြု၍ အင်တာနက်လွတ်လပ်ခွင့်အပေါ် သုတေသနနှင့် ထောက်ခံမှုအကြောင်း သရုပ်ပြရှင်းလင်းချက်မှအပ တက်ရောက်သူများသည် အွန်လိုင်းဆင်ဆာစနစ်ကို မည်ကဲ့သို့ရင်ဆိုင်ရမည်နှင့် မည်သည့်အကာအကွယ်များချမှတ်ရမည့်အကြောင်း ဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်သူများမှ အမုန်းစကား ခွဲခြမ်းစိတ်ဖြာနည်းများနှင့် မည်ကဲ့သို့တုံ့ပြန်လုပ်ဆောင်ရမည့်အကြောင်းများကိုလည်း ပြောဆိုခဲ့ကြပါသည်။

ထိုင်းနိုင်ငံစည်းလုံးပွဲမှ တက်ရောက်လာသူများနှင့် ဒါကာ၊ ဂျကာတာ၊ ကွာလာလမ်ပူ၊ မနီလာမှ အပြောင်းအလဲပြုလုပ်သူများ ဗီဒီယိုဖုန်းခေါ်ဆိုမှုမှတဆင့် တွေ့ဆုံနေပုံ

ဒစ်ဂျစ်တယ်အာဏာရှင်စနစ်နှင့် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးလှုပ်ရှားမှုများအား အားသန်စေခြင်း

ထိုင်းနိုင်ငံမှာပြုလုပ်ကျင်းပတဲ့စည်းလုံးပွဲမှာတော့ နိုင်ငံရေးတွန်းအားများနှင့် ဥပဒေစနစ်များက ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကိုခိုင်မာစေရန် နည်းပညာအသုံးချမှုကို မည်ကဲ့သို့ပုံသွင်းနေသည်ကို အဓိကထားဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်လာသူများမှ အာဏာပိုင်များဟာ တစ်ခါတစ်ရံ အရေးကြီးသောလူထုအသံများကို ဖိနှိပ်ရန် အမျိုးသားလုံခြုံရေးကိုအသုံးချနေပြီး သည်နှစ် ထိုင်းနိုင်ငံ၏ရွေးကောက်ပွဲအတွက် ကြီးလေးသောစိုးရိမ်စရာဖြစ်နေပါသည်။ ရွေးကောက်ပွဲများသည် ဒီမိုကရေစီလုပ်ထုံးတစ်ခုဖြစ်သင့်သော်ငြားလည်း လုပ်ကြံသတင်းများနှင့် တင်းကြပ်မှုများကတဆင့် စိတ်သဘောထားမတိုက်ဆိုင်မှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများရှိနေပါသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင်ကျင်းပသော စည်းလုံးပွြတွင် တက်ရောက်လာသူများ ၎င်းတို့နယ်ပယ်အလိုက် ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပြဿနာရပ်များကို ဆွေးနွေးနေပုံ

ဂျကာတာမြို့ စည်းလုံးပွဲမှာ တက်ရောက်သူများမှ ဒစ်ဂျစ်တယ်လူ့အခွင့်အရေးလှုပ်ရှားမှုအား အားကောင်းစေရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။ ပိုမိုထိရောက်သည့် အားပေးထောက်ခံမှုများထွက်ပေါ်လာစေရန် အသိပညာထုတ်လုပ်မျှဝေနိုင်ရေးအတွက် ပိုမိုကောင်းမွန်သော သင်ထောက်ကူများ၊ သင်တန်းများလိုအပ်ကြောင်းနှင့် အဖွဲ့အစည်းများအနေဖြင့် ရှုပ်ထွေးသော ဒစ်ဂျစ်တယ်လူ့အခွင့်အရေးပြဿနာရပ်များအား ဖြေရှင်းရာတွင် ပိုမိုပြည့်စုံစေရန် အဖွဲ့အစည်းအချင်းချင်း အားပေးကူညီဖို့လိုအပ်ကြောင်း ထောက်ပြပြောဆိုခဲ့ကြပါသည်။

READ HIGHLIGHTS FROM DAY 1 OF THE FORUM

READ HIGHLIGHTS FROM DAY 2 OF THE FORUM

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact