ချင်းတွင်းကန့်(သို့မဟုတ်) အရှေ့တောင်အာရှ အတွေ့အကြုံများကို အပြန်အလှန် သင်ယူခြင်း

by Kyalyi August 14, 2015

ဒီသင်တန်းကို တက်ဖြစ်ခဲ့တာ ယုံတောင်မယုံနိုင်ဘူး။ ဒါက ပန်းမြတ်အတွက် ဖန်တီးမှုပိုင်းဆိုင်ရာမှာ အရမ်းအတွေ့အကြုံရစေတဲ့ ပထမဆုံး camp ပါ လို့ Mizzima Media က ဂျာနယ်လစ်တစ်ဦးဖြစ်သူ မပန်းမြတ်က ဆိုပါတယ်။အရှေ့တောင်အာရှVideo Camp(ခေါ်)ချင်းတွင်းCampကို EngageMediaက ပဲခူးမြို့ရှိ Bago Centre မှာ လုပ်ခဲ့တာပါ။ ဒီကန့်ကို မြန်မာနိုင်င့ရှိ Video Activist များနဲ့ အရှေ့တောင်အာရှမှ ရုပ်၇ှင်ဖန်တီးသူများ အတွေ့အကြုံများအချင်းချင်းတွေ့ဆုံဖလှယ်နိုင်ရန်ရည်ရွယ်ပြုလုပ်ခဲ့တာပါ။ သင်တန်းသား (၄၀) နီးပါးရှိခဲ့တဲ့ ဒီcamp ကို ပဲခူးမှာ(၃)ရက်တာ ပြုလုပ်ခဲ့ပါတယ်။ တက်ရောက်သူများဟာ အခက်အခဲ အခွင့်အရေးဆိုင်ရာများကိုအချင်းချင်းနားလည်ရန်အတွက် တခြားသူထံမှ သင်ကြား၇ုံမျှမကဘဲ မိမိတတ်သမျှကို အချင်းချင်းပြန်လည်မျှဝေသင်ကြားပေးခဲ့ကြပါတယ်။ ချင်းတွင်းCamp ဟာအောင်မြင်စွာပြီးဆုံးခြဲ့ပီး ခေါင်းစဉ်ပေါင်း(၁၀၀)ကျော်ကို ဆွေးနွေးမျှဝေခဲ့ကြပါတယ်။

ကျွန်မညွှန်းဆိုလိုတဲ့ ဆွေးနွေးချိန်ကတော့ အမျိုးသမီးများအကြမ်းဖက်မှုဆိုတဲ့ ခေါင်းစဉ်နှင့် သက်ဆိုင်သော ဆွေးနွေးမျှဝေချိန် ဖြစ်ပါတယ်။ ဒီဆွေးနွေးချိန်မှာ EngageMedia က ကျွန်မနဲ့ Dhyta ..မြန်မာမှ ဒါရိုက်တာ နွေးဇာခြည်စိုး၊ ဖိလစ်ပိုင်မှ ဒါရိုက်တာ အီလန်အီလန် တို့ ပါဝင်ခဲ့ပါတယ်။ အမျိုးသမီးတွေကို အကြမ်းဖက်ခံရခြင်းဟာ မြန်မာမှာ အဓိက ပြသနာတစ်ရပ်ဖြစ်လာတာကိုကျွန်မတို့ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲထဲက အသံတစ်ခုကြားသိခဲ့ရတာတော့ ကျွန်မတို့ဟာ အမျိုးသမီးအခွင့်အရေးတွေကို မြှင့်တင်ဖို့ကြိုးစားနေပေမယ့် အမျိုသမီးတွေကိုယ်တိုင်က အမျိုးသမီးအခွင့်အရေးဘာလဲ ဆိုတာကို မသိသေးဘူးဆိုတာပါ။ ဒီအဆိုကို ကျွန်မတို့ထောက်ခံခဲ့ကြပြီး အမျိုးသမီးတွေနဲ့ ပတ်သတ်တဲ့လှုပ်ရှားမှုတွေကို နောင် အနာဂတ်မှာ ပိုမိုလုပ်ဆောင်ဖို့လိုတယ်လို့ ကျွန်မတို့ အားလုံးအဖြေရှာခဲ့ကြပါတယ်။

တက်ရောက်သူသင်တန်းသားများဟာ ပြသနာများနှင့်အတူ ဖြစ်နိုင်သော အဖြေများကိုပါ တပါတည်း ဖွေရှာပေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုသက်ဦးမောင်က ဒီcamp က မိတ်ဆွေများဖို့ ချိတ်ဆက်ပေးပါတယ်။ မျှဝေခြင်းအားဖြင့် ကျွန်တော်တို့ ဗဟုသုတပိုတိုးတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်းတခြားနိုင်ငံတွေနဲ့ဆင်တူသောပြသနာတွေရှိတယ်လေ။ ဒါ့ကြောင့် မြန်မာ သင်တန်းသားတွေအနေနဲ့လည်း အရှေ့တောင်အာရှသင်တန်းသားတွေဆီက အတွေ့အကြုံ ဗဟုသုတတွေ ရခဲ့ပါတယ် လို့ ဆိုပါတယ်။ camp ပြီးတဲ့နောက် တခြားအသစ်လုပ်စရာတွေအများကြီးပေါ်လာပါတယ် လို့ သူက ထပ်မံပြောပါသေးတယ်။

သင်တန်းသားတွေအတွက် ပျော်စရာအကောင်းဆုံးအချိန်ကတော့ Witness မှ Prakkash ရဲ့ Banana Dance (ငှက်ပျော်သီးလေးလို ကခြင်း) ပါပဲ။ သူ့ရဲ့ ဒီသင်ကြားမျှဝေမှုကြောင့် အဖွဲ့တစ်ဖွဲ့က ကျေးဇူး ငှက်ပျော်သီးလေး ( Thank You Banana) အမည်ရ ဇာတ်ကားတိုလေးကို ရိုက်ကူးခဲ့ပါတယ်။ ဒီcamp တက်ရောက်သူတိုင်းမျှော်လင့်တာကတော့ ဒါဟာ အားလုံးအတွက် ခုလို အတူတကွတွဲဖက်လုပ်ကိုင်ရတဲ့ နောက်ဆုံးအခွင့်အရေး မဖြစ်ဖို့ပါ။ ဒီcamp ကမွေးဖွားလာတဲ့ အိုင်ဒီယာတွေကို ပြန်လည် အကောင်အထည်ဖော်ဖို့ လိုပါသေးတယ် မဟုတ်ပါလား။

 

လေးစားချစ်ခင်မှုများစွာဖြင့်

ကြယ်ရီ