မြန်မာ၏ လူမှုပြောင်းလဲခြင်း ဇာတ်လမ်းများ

by Kyalyi May 22, 2015

၂၀၁၅ ခုနှစ်အတွင်း မှာ EngageMedia ရဲ့ အယ်ဒီတာအဖွဲ့ဟာ  မြန်မာလူမှုပြောင်းလဲခြင်းဆိုင်ရာ ဇာတ်လမ်းဗီဒီယိုများကို စုစည်းခြင်း၊ ဘာသာပြန်ခြင်း၊ ဖြန့်ဝေခြင်း များပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူမှုနိုင်ငံရေးကို ဖော်ညွှန်းတဲ့ ဗီဒိယိုဖိုင်များကို ကောက်နှုတ်တင်ဆက်ခဲ့တာဟာ အခုဆို ဗီဒီယိုပေါင်း(၁၈၀) ရှိခဲံပြီဖြစ်ပါတယ်။

Wanna

Myanmar 1

 

ကျွန်တော်တို့ Wanna အမည်ရ ဇာတ်ကားနဲ့စတင်ခဲ့တာပါ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် အကြမ်းမဖက်လှုပ်ရှားမှုနဲ့ လမ်းကနေ တောင်းဆိုနေတဲ့ လှုပ်ရှားတက်ကြွသူအနုပညာရှင်တစ်ဦးရဲ့ ဘ၀ပုံရိပ်ကို ဒီမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။


Students Boycott Education Law (အမျိုးသားဥပဒေကို ကျောင်းသားများ သပိတ်မှောက်ခြင်း)

Myanmar 2

 

မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ ကျောင်းသားများကိုအကြမ်းဖက် ဖမ်းဆီးမှုနဲ့ရင်ဆိုင်ပြီး လွတ်လက်သော ပညာရေးကို တောင်းဆိုကာ ဥပဒေသစ်ကို သပိတ်မှောက်ခဲ့ကြကြောင်း ဒီမှာ ကြည့်ရှုနိုင်မှာပါ။


The Children of Bhamo's Brickworks (ဗန်းမော်မြို့က အုတ်သယ်ကလေးတွေ)

Myanmar 3

 

မငြိမ်းချမ်းသေးသော ကချင်ပြည်နယ်ရဲ့ ဗန်းမော်မြို့မှာတော့ ကလေးငယ်တွေဟာ အသက်ရှင်ဖို့ရုန်းကန်နေရတဲ့ မိဘတွေနဲ့အတူ မြစ်ကမ်းနံဘေးမှာ အုတ်ဖုတ်လျက်ရှိကြပါတယ်။ ဒီဗီဒိယိုဖိုင်လင့်က ဒီမှာ ပါ။


Monk Rejects Preaching Ban (တရားဟောရန် တားမြစ်ခံရသော ဆရာတော်)

Myanmar 4

 

အစိုးရမှခန့်အပ်ထားသော အထက်ပိုင်းဆုံးဖြတ်ချက်အရ တရားဟောခွင့်တားမြစ်ခံ၇သော ရွှေည၀ါဆရာတော်က ဟောကြားခွင့်ပိတ်ပင်သော်လည်း ဟောကြားစရာရှိလျှင်ဆက်လက်ဟောကြားသွားမှာဖြစ်ကြောင်းဒီမှာ ကြည့်ရှုနိုင်ပါတယ်။


A Song for Freedom (လွတ်လပ်ခြင်းအတွက်သီချင်းတစ်ပုဒ်)

Myanmar 5

 

Freedom သီချင်းကတော့ လတ်တလော မြန်မာ့ပြုပြင်ပြောင်းလဲရေးနဲ့အနာဂတ်အပေါ်ထားတဲံ့လူငယ်တွေရဲ့မျှော်လင့်ချက်တွေကို မြန်မာပြည်က ရက်ပ်ပါတွေရဲ့ beat တွေထဲထည့်ထားတာပါ။

ဒါတွေကတော့ မြန်မာဗီဒီယိုဖိုင်များထဲမှ ရွေးနှုတ်တင်ပြခြင်းဖြစ်ပြီး အခြားဗီဒီယိုဖိုင်များ Subtitle တွေကို ဒီမှာကြည့်နိုင်ပါတယ်။ SEA VIDEO camp နှင့်ပတ်သတ်ပြီးလည်း ဒီမှာ ရှာတွေ့နိုင်ပါသေးတယ်။