Equality Myanmar ၏ အကောင်းဆုံး လူ့အခွင့်အရေး ဗီဒီယိုများကို ခံစားခြင်း

by Kyalyi March 17, 2015

Equality Myanmar (EQMM) ကို  ယခင်က Human Rights Education Institute of Burma (HREIB) လို့ အသိများပါတယ်။ ထိုင်းနိုင်ငံအခြေစိုက်အနေနဲ့ HREIB ကို လှုပ်ရှားဆောင်ရွက်ခဲ့ပြီးနောက်မှာ Equality Myanmar ကို ဦးအောင်မျိုးမင်းမှ ရန်ကုန်မြို့အခြေစိုကိအဖြစ် ဦးဆောင် ဖွဲ့စည်းခဲ့ပြီး လူအခွင့်အရေး သင်တန်းများ၊ လူ့အခွင့်အရေးဆိုင်ရာ အကြံပေး ဆွေးနွေးမှုပရိုဂရမ်များကို တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း youtube ပေါ်မှာupdate လုပ်ကာ အမြဲတင်ဆက်လေ့ရှိတဲ့ Equality Myanmar ရဲ့ လှုပ်ရှားမှုများအနက် မှ စိတ်ဝင်စားဖွယ် အကောင်းဆုံးဗီဒီယိုဖိုင်များကို လေးစားစွာမျှဝေပါရစေ။ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ရွေးချယ် စုစည်းထားတဲ့ ညီမျှခြင်းမြန်မာ(ခေါ်) Equality Myanmar ရဲ့ ဗီဒီယိုများကို သုံးသပ်ရမယ်ဆိုရင်..


မြန်မာ့လူ့အခွင့်အရေးနေ့
မတ်လ(၁၃)ရက်နေ့ကို ဘာကြောင့် "Myanmar's Human Rights Day" အဖြစ် သတ်မှတ်ရတယ်ဆိုတာကို ဒီဗီဒီယို ဖိုင်က ရှင်းပြပါလိမ့်မယ်။ ဒါဟာ ၂၀၁၅ ၊ မတ်လမြန်မာ့နိုင်ငံရေးအတွက် ကြည့်သင့်တဲ့ဗီဒီယိုဖိုင် တစ်ခု ဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်ကို သမိုင်းဝင်ဓါတ်ပုံများနဲ့ တင်ဆက်သွားတာဟာ ဒီဗီဒီယိုရဲ့ အားသာချက်ပါပဲ။
ဖြစ်စဉ်အတိုချုပ်ကို ပြန်လည်မျှဝေရမယ်ဆိုရင် ၁၉၈၈ ခုနှစ်မှာ ရန်ကုန် RIT ပဉ္စမနှစ် ကျောင်းသား ကိုဖုန်းမော်ဟာ အစိုးရရဲ့ အကြမ်းဖက်နှိမ်နင်းမှုအောက်မှာ အသက်ဆုံးရှုံးခဲ့ရပြီး အဲဒီကမှစလို့ သမိုင်းဝင် ၈၈ အရေးတော်ပုံကြီး စတင်ခဲ့ပါတယ်။ အရေးတော်ပုံအရှိန်ရနေစဉ်မှာပဲ ကိုဖုန်းမော်ကို မမေ့နိုင်တဲ့ ကျောင်းသားခေါင်းဆောင်များက မတ်လ(၁၃)ရက်နေ့ကို မြန်မာနိုင်ငံရဲ့ Human Rights Day အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၏  မိန့်ခွန်း
၂၀၁၁၊ ဒီဇင်ဘာလမှာ မဲဆောက်ရှိ CDC ကျောင်းမှာ ကလေးသူငယ်လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ကို HREIB  က ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး သူမရဲ့ ပြတ်သားတဲ့ မိန့်ခွန်းနဲ့ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပါတယ်။
မိန့်ခွန်းအစမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ‘ နေ့ရက်တိုင်းဟာ ကလေးသူငယ်လူကုန်ကူးမှုကို ဆန့်ကျင်တဲ့ ဒီလိုနေ့မျိုးဖြစ်သင့်ကြောင်း ‘ ဆိုပါတယ်။ ဒီနေရာမှာ သူမဆက်လက်မိန့်ကြားသွားတဲ့ မိန့်ခွန်းဟာ မြန်မာ့အနာဂတ်အတွက် အရေးကြီးတာကြောင့် ဒီမိန့်ခွန်းဗီဒီယိုကို မျှဝေခြင်းဖြစ်ပါတယ်။ ဒေါ်ဆောင်ဆန်းစုကြည်က ဆက်လက်ပြောသွားတာကတော့ ‘ကလေးတွေကို လူကုန်ကူးတယ်ဆိုတာ ကျွန်မတို့ရဲ့ အနာဂတ်ကိုပါ ရောင်းစားခံနေရတာပဲ ‘ တဲ့။
ဒီစကားကြောင့်လည်း Equality Myanmar ၏ တန်ဖိုးရှိသော မိန့်ခွန်း ဗီဒီယိုကို Engage Media မှ ဂုဏ်ယူစွာ မျှဝေလိုက်ပါတယ်။

မကြိုဆိုလေသောအရပ်တွင် နေထိုင်သူများ
မီဇိုရမ်မှာရှိတဲ့ ချင်းတိုင်းရင်းသားများ အကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်အတွင်းက မြန်မာ့တပ်မတော်ရဲ့ ဖိစီးမှုကြောင့် အနောက်ဘက် ချင်းတောင်တန်းများကို စွန့်ခွါ ထွက်ပြေးလာတဲ့ ထောင်ပေါင်းများစွာသော ချင်းတိုင်းရင်းသားများဟာ အိန္စ္ဒိယနယ်စပ် ကိုကျော်လွန်ပြီး မီဇိုရမ် ကိုရောက်လာပါတယ်။
မီဇိုရမ်ရောက် ချင်းတိုင်းရင်းသားများဟာ  ခွဲခြားဆက်ဆံခံရမှု၊ ဘာသားရေးဆိုင်ရာ ဖိနှိပ်မှုနဲ့ အခြား ဖိနှိပ်မှု အမျိုးမျိုးကို ရင်ဆိုင်ရပါတယ်။ အိန္စ္ဒိယအစိုးရကလည်း မီဇိုရမ်ရောက် ချင်းတို့၏ နေထိုင်မှုဘ၀များကို ဥပေက္စ္ဒ္ခာ ပြုထားပြီး မြန်မာနိုင်ငံသို့ ပြန်ရန် ဖိအားပေးတဲ့အခါမှာ ချင်းဒုက္ခသည်တွေရဲ့ဘ၀ဟာ ပိုမို ကျပ်တည်းလာပါတော့တယ်။ ၄င်းတို့ရဲ့ ဆုံးရှုံးရလေသော လူ့အခွင့်အရေးများအကြောင်းကို သမိုင်းဖြစ်ရပ်တွေနဲ့ စိတ်ဝင်စားဖွယ် စီကာပတ်ကုံး တင်ဆက်ထားတာ ပြည့်စုံပါတယ်။
Equality Myanmar ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အခြား ဗီဒီယိုများကို ဒီမှာ ကြည့်နိုင်ပါတယ်။ Engage Media က Filmmaker များနဲ့ ဂျာနယ်လစ်များအတွက် ၂၀၁၅၊ ဇွန်လမှာ ပြုလုပ်မယ့် အရှေ့တောင်အာရှ Video Camp အကြောင်း သိချင်ရင်တော့ ဒီမှာ ဖတ်နိုင်ပါတယ်။.