Search
Close this search box.

ဒီဂျစ်တယ် အခွင့်အရေး ကာကွယ်သူများအတွက် အခမဲ့ VPN: TunnelBear နှင့် EngageMedia တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု

This post is also available in: English

Screenshot from the TunnelBear website

 

၂၀၂၁ မတ်လ ၂၃ ရက်နေ့ထုတ်ပြန်ချက်: TunnelBear ကို Google Play Store တွင် မရရှိနိုင်သော နိုင်ငံများတွင် နေထိုင်သူများသည် အခုနောက်ဆုံးပေါ် APK ကို TunnelBear ရဲ့အတည်ပြုပြီးသား Telegram ချန်နယ်မှ ဒေါင်းလုပ်လုပ်နိုင်ပါပြီ။

TunnelBear ကို side-loaded ဗားရှင်းဖြင့် အသုံးပြုနေသူများသည် Telegram မှတဆင့် သူတို့ရဲ့အက်ပ်ကို အမြန်ဆုံး update ပြုလုပ်သင့်သည်။ အပ်ဒိတ်မဖြစ်သေးသော ဝန်ဆောင်မှုကို အသုံးပြုနေပါက အပ်ဒိတ်ဖို့ Telegram ချန်နယ်လင့်ကို ညွှန်ကြားမှုကို ရရှိပါလိမ့်မည်။

အကယ်၍ သင်သည် TunnelBear APK ကို ကန့်သတ်ထားသော ပတ်ဝန်းကျင်ရှိ အသုံးပြုသူများထံ ကိုယ်တိုင် ဖြန့်ဝေနေပါက၊ ၎င်းကို ရှောင်ကြဉ်ပြီး သင့်ကွန်ရက်အဖွဲ့ဝင်များကို TunnelBear Telegram ချန်နယ်သို့ ညွှန်ကြားပါ။

 

EngageMedia သည် TunnelBear VPN ကုမ္မဏီနှင့် ပူးပေါင်းကာ အခမဲ့ VPN ဘောက်ချာများကို လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ဒစ်ဂျစ်တယ်အခွင့်အရေးကာကွယ်သူများ၊ သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများကို ဖြန့်ဝေပေးနေပါသည်။ ဒစ်ဂျစ်တယ်အခွင့်အရေးကာကွယ်သူများအတွက် လုံခြုံစွာ အင်တာနက်အသုံးပြုနိုင်ရေး အတွက်ရည်ရွယ်သည်။ 

 

ဤအခမဲ့ ဘောက်ချာသည် TunnelBear အကောင့်ကို unlimited data ပလန်ဖြင့် တစ်နှစ်ကြာ အသုံးပြုခွင့်ရှိသည်။ အကောင့်တစ်ခုကို device ၅ လုံးတပြိုင်တည်းချိတ်၍ အသုံးပြုနိုင်သည်။

 

အခမဲ့ ဘောက်ချာတောင်းယူရန် အကြုံးဝင်သူများအနေဖြင့် အောက်ပါအတိုင်းလုပ်ဆောင်ပါ။ 

 

  1. [email protected] သို့ အီးမေးလ်ပို့ရန်။ သင်၏ အလုပ်သဘာဝနှင့် VPN ကသင့်အလုပ်ကို မည်သို့ကူညီပေးနိုင်ကြောင်း အကျဉ်းချုံးဖော်ပြပါ။ အီးမေလ်ရရှိပြီး နှစ်ရက်အတွင်း အခမဲ့ ဘောက်ချာကို ပေးပို့ပါမည်။
  2. TunnelBear အကောင့်ကို Sign-up လုပ်ပါ။ Sign-up လုပ်ရန် အီးမေးလ်လိပ်စာလိုအပ်ပါသည်။ ပိုပြီးလုံခြုံရန်အတွက် ProtonMail သို့မဟုတ် Tutanota ကဲ့သို့သော အီးမေးလ်အကောင့်ကို အသုံးပြုပါ။ လုံခြုံရေးပိုမိုအားကောင်းစေရန် KeePassXC ကဲ့သို့သော စကားဝှက်မန်နေဂျာကို အသုံးပြုနိုင်သည်။
  3. TunnelBear VPN အခမဲ့ ဘောက်ချာကို ထည့်သွင်းပါ။
  4. TunnelBear အက်ပ်ကို ဒေါင်းလုပ်လုပ်ပါ။ TunnelBear အက်ပ်များကို PC၊ Mac၊ iPhone နှင့် Android တွင်ရရှိနိုင်သည်။
    1. macOS သို့မဟုတ် Windows ကွန်ပျူတာတွင် TunnelBear ကို တပ်ဆင်ရန် ဝဘ်ဆိုဒ်သို့သွား၍ အက်ပ်ကို ဒေါင်းလုပ်လုပ်ပါ။ ထို့နောက် သင့်အက်ပ်ကို တပ်ဆင်ပါ။
    2. iOS သို့မဟုတ် Android စက်များတွင် TunnelBear ကို သင့်စက်အတွက် အက်ပ်စတိုးမှ ဒေါင်းလုပ်လုပ်ပါ။ iOS အတွက် ဒီမှာ ဒေါင်းလုပ်လုပ်ပါ။ Android အတွက် ဒီမှာ ဒေါင်းလုပ်လုပ်ပါ။
    3. သင်၏နိုင်ငံတွင် Google Play Store တွင် အက်ပ်ကို မရနိုင်ပါက Verified TunnelBear Telegram ချန်နယ်မှ APK ကို ဒေါင်းလုပ်လုပ်ပါ။ 
    4. အက်ပ်ကို ဒေါင်းလုပ်လုပ်ရာတွင် ခက်ခဲပါက အောက်ပါ စီစဉ်ပေးထားသော အီးမေးလ်လိပ်စာများသို့ ဆက်သွယ်ပါ။

 

TunnelBear ကို ဘယ်လိုအသုံးပြုရမလဲ?

  1. သင်၏ Desktop သို့မဟုတ် မိုဘိုင်းဖုန်းမှ TunnelBear ကို ဖွင့်ပါ။
  2. VPN တွင် ချိတ်ဆက်ရန် “Turn on” ခလုတ်ကို နှိပ်ပါ။
  3. သင့် VPN ကို တပ်ဆင်ပြီးပါက Fastest သို့မဟုတ် နိုင်ငံအမည်တစ်ခုခုကို တွေ့ရပါမည်။
  4. သင်၏ VPN ကို အသုံးပြုပြီးပါက အက်ပလီကေးရှင်းကို “Turn off” လုပ်ရန် မမေ့ပါနှင့်။

 

TunnelBear APK ကို ဘယ်လို ဒေါင်းလုပ်လုပ်ပြီးတပ်ဆင်ရမလဲ?

TunnelBear Distribution FAQ ကိုဖတ်ပါ။ FAQ တွင် TunnelBear သည် APK တပ်ဆင်ရာတွင်ဖြစ်နိုင်သော ပြဿနာများနှင့် ဖြေရှင်းရန်နည်းလမ်းများကို အသုံးပြုသူများအား လမ်းညွှန်ပေးပါသည်။ သို့သော် အင်္ဂလိပ်ဘာသာစကားဖြင့်သာရနိုင်သေးသည်။

 

EngageMedia သည် TunnelBear ကို ထောက်ခံပါသလား?

EngageMedia သည် TunnelBear နှင့် ပူးပေါင်းမှုရှိသော်လည်း၊ TunnelBear ကို လုံခြုံသော VPN တစ်ခုအဖြစ် ရှုမြင်နိုင်သည့် အကြောင်းရင်းများရှိသော်လည်း၊ EngageMedia သည် TunnelBear ကို အပြည့်အဝ ထောက်ခံညွှန်းဆိုသည်ဟု မယူဆစေချင်ပါ။ မိမိဘာသာလေ့လာဆုံးဖြတ်ရန် တိုက်တွန်းပါသည်။ ဘာတွေကိုထည့်သွင်းစဥ်းစားသင့်လည်း ဒီမှာဖတ်ပါ။ TunnelBear ၏ Terms of Service ကိုဖတ်ရန်လည်း တိုက်တွန်းပါသည်။

 

ပိုမိုသိရှိလို၍ဖြစ်စေ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ရရှိရန် အတွက်ဖြစ်စေ ဘယ်သူ့ကို ဆက်သွယ်ရမလဲ?

မေးခွန်းများ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ စာမျက်နှာများရှိပါက [email protected] သို့ ဆက်သွယ်ပါ။ TunnelBear သည် သင့်မေးခွန်းများအား အကူအညီပေးပြီး၊ ပိတ်ဆို့ခြင်း သို့မဟုတ် ကန့်သတ်ပိတ်ပင်ချင်းများနှင့် ပတ်သက်လျှင် TunnealBear ၏ anti-censorship team မှကိုင်တွယ်ပါလိမ့်မည်။ 

 

သင့်အတွေ့အကြုံ (ကောင်းသော နှင့် ဆိုးသော) ကို TunnelBear [email protected] သို့ ပေးပို့နိုင်သည်။ 

မြန်မာဘာသာဖြင့်ဆက်သွယ်လိုပါက အောက်ဖော်ပြပါ ဒီဂျစ်တယ်လုံခြုံရေးအကူအညီပေးအဖွဲ့များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

ဒီအခမဲ့ဝန်ဆောင်မှုကို ဘယ်လောက်ကြာပါမလဲ?

TunnelBear သည် ကုဒ်များကို ဖျက်သိမ်းရန် သို့မဟုတ် ဝန်ဆောင်မှုကို ရပ်နားရန် လုပ်ပိုင်ခွင့်ရှိသည်။ ထိုသို့ဖြစ်ပါက TunnelBear သည် ကြိုတင်အကြောင်းကြားပါလိမ့်မည်။ 

Latest News in Digital Rights, Open and Secure Technology